ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက် အား ဂါရဝပြုတွေ့ဆုံ

(၂၂-၃-၂၀၂၄ ရက်၊ ဖနောင်ပင်)
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ၂၂-၃-၂၀၂၄ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက် အား ဖနောင်ပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်၌ သွားရောက် ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုနှင့် နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားနိုင်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။