မြန်မာနိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာအထွေထွေအသိပေးချက်(Citizen Service)

  • ကမ္ဘောဒီးယားနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် လာရောက်သည့် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာသံရုံး၊ ဖနောင်ပင်မြို့သို့ မပျက်မကွက် သတင်းပေးပို့ကြရန် တိုက်တွန်း အပ်ပါသည်။
  • မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စများကို အထူးဂရုပြု ဆောင်ရွက်ပေးကြရန် အသိပေးအပ်ပါသည်။
  • သက်တမ်းကျော်လွန်ခဲ့ပါက ပြန်လည်လျှောက်ထားလျှင် အချိန်ကြာမြင့်မည် ဖြစ်ပါသည်။
  • သာမန်နိုင်ငံကူး လက်မှတ်ကိစ္စများကို မြန်မာသံရုံးသို့ လူကိုယ်တိုင်လာရောက် လျှောက် ထားရန် လိုအပ်ပါသည်။
  • မြန်မာနိုင်ငံသားများအတွက် ထောက်ခံစာ လိုအပ်ပါက မြန်မာသံရုံးသို့ လာရောက် လျှောက်ထားနိုင်ပါသည်။
  • အခြားသိသင့် သိထိုက်သည့် အချက်အလက်များကို Travel to Cambodia ကဏ္ဍတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh