မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) လျှောက်ထားခြင်း

မြန်မာနိုင်ငံကူး လက်မှတ်မရှိ၍ မြန်မာနိုင်ငံသို့ အပြီးပြန်လိုသော မြန်မာနိုင်ငံသားများ အနေဖြင့် တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) လျှောက်ထားရာတွင် ပြည့်စုံစွာ ဖြည့်စွက်ထားသောလျှောက်လွှာနှင့်အတူ အောက်ပါ စာရွက်စာ တမ်းများကို ပူးတွဲတင်ပြရပါမည်-

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်မိတ္တူ (နိုင်ငံကူးလက်မှတ်ရှိခဲ့ဖူးပါက) (၂) စုံ
  • မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ (နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စု စာရင်း၊ ရပ်ကွက်/ မြို့နယ်/ ရဲစခန်းထောက်ခံစာများ၊ သင်္ဘောသားဖြစ်ပါက CDC၊ ဝင်ငွေခွန် ပြေစာစသည်ဖြင့်) (၂) စုံ
  • ဗီဇာအထောက်အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့် အထောက်အထား (၂) စုံ
  • ကိုယ်ရေးရာဇဝင် (၂) စုံ
  • နောက်ခံအဖြူဓါတ်ပုံ(၃)ပုံ(၄စင်တီမီတာ x ၆စင်တီမီတာ)
  • ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့် ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား ရေးထိုးပေးရန်လိုအပ်ပါသည်။)
  • ကျသင့်ငွေအမေရိကန်ဒေါ်လာ ၂၅/-
  • ကာယကံရှင်ကိုယ်တိုင် မြန်မာသံရုံးတွင် လာရောက်ထုတ်ယူရမည် ဖြစ်ပါသည်။

လျှောက်လွှာပုံစံ download ရယူရန်

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh