မြန်မာနိုင်ငံသားများမှ ထောက်ခံစာထုတ်ပေးရန် လျှောက်ထားခြင်း

Special Power/General Powerလွှဲပြောင်းခွင့်လျှောက်ထားရာတွင်လိုအပ်သည့်အချက်အလက်များ

  • ဖနောင်ပင်မြို့၊ မြန်မာသံရုံး၊ သံအမတ်ကြီးထံလိပ်မူရေးသားထားသည့် ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးမှတ်တမ်း
  • နိုင်ငံကူးလက်မှတ်နှင့် သက်တမ်းရှိဗီဇာစာမျက်နှာ (မူရင်းနှင့် မိတ္တူ)
  • လွှဲပြောင်းသူ၊ လက်ခံသူနှင့် သက်သေ(၂)ဦးတို့၏ အချက်အလက်များပြည့်စုံစွာ ဖြည့်စွက်ကာ လက်မှတ်ရေးထိုးထားသည့် တံဆိပ်ခေါင်းကပ်ထားပြီးသည့် Special Power / General Power မူရင်း
  • အသိသက်သေများ၏ နိုင်ငံကူးလက်မှတ်မိတ္တူနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
  • ထောက်ခံစာကြေးအမေရိကန်ဒေါ်လာ (၁၅)ဒေါ်လာ

လျှောက်ထားသူအနေဖြင့် သံရုံးသို့ လူကိုယ်တိုင်လာရောက်လျှောက်ထားရန် လိုအပ်ပြီးကောင်စစ် အရာရှိရှေ့မှောက်တွင် လူကိုယ်တိုင်လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

အထွေထွေထောက်ခံစာ 

  • ဖနောင်ပင်မြို့၊ မြန်မာသံရုံး၊ သံအမတ်ကြီးထံလိပ်မူရေးသားထားသည့် ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးမှတ်တမ်း
  • နိုင်ငံကူးလက်မှတ်နှင့် သက်တမ်းရှိဗီဇာစာမျက်နှာ (မူရင်းနှင့် မိတ္တူ)
  • ထောက်ခံစာပြုလုပ်ရန် လိုအပ်သည့် စာရွက်စာတမ်းမူရင်း
  • ထောက်ခံစာကြေးအမေရိကန်ဒေါ်လာ (၅)ဒေါ်လာ

နိုတြီထောက်ခံစာ 

  • ဖနောင်ပင်မြို့၊ မြန်မာသံရုံး၊ သံအမတ်ကြီးထံလိပ်မူရေးသားထားသည့် ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးမှတ်တမ်း
  • နိုင်ငံကူးလက်မှတ်နှင့် သက်တမ်းရှိဗီဇာစာမျက်နှာ (မူရင်းနှင့် မိတ္တူ)
  • ထောက်ခံစာပြုလုပ်ရန် လိုအပ်သည့် စာရွက်စာတမ်းမူရင်း (နိုတြီထောက်ခံစာပြုလုပ်မည့် စာရွက်စာတမ်းများကို မြန်မာနိုင်ငံရှိနိုတြီပဗ္ဗလစ်၌ ရှေးဦးစွာနိုတြီပြုလုပ်ပြီးမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုတြီတုံးထုပြီးမှသာသံရုံးမှ ထပ်ဆင့်နိုတြီထောက်ခံချက်ပြုလုပ် ပေးမည် ဖြစ်ပါသည်။)
  • နိုတြီထောက်ခံစာအတွက် ကောက်ခံငွေအမေရိကန်ဒေါ်လာ (၁၅)ဒေါ်လာ

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh