သာမန်နိုင်ငံကူးလက်မှတ် PV မှ PJ သို့ အမျိုးအစား ပြောင်းလဲလျှောက်ထားလိုခြင်း

နိုင်ငံကူးလက်မှတ်အမျိုးအစား ပြောင်းလဲလိုသော ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား များအနေဖြင့် ပြည့်စုံစွာဖြည့်စွက်ထားသော လျှောက်လွှာနှင့်အတူ မြန်မာသံရုံးသို့ လူကိုယ်တိုင် လာရောက် လျှောက်ထားရမည်ဖြစ်ပါသည်။ အဆိုပါ ပြင်ဆင်လျှောက်ထားမှုကို မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရရှိပါက နိုင်ငံကူးလက်မှတ်သစ် ထုတ်ပေးနိုင် ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်-

  • နိုင်ငံကူးလက်မှတ်အား PV မှ PJ သို့ အမျိုးအစားပြောင်းလဲလျှောက်ထားလိုသည့် ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးမှတ်တမ်း
  • နောက်ခံအဖြူဓါတ်ပုံ(၃)ပုံ(၄စင်တီမီတာx၆ စင်တီမီတာ)
  • နိုင်ငံကူးလက်မှတ်မူရင်း(နိုင်ငံကူးလက်မှတ်စာအုပ်ပါ ဗီဇာစာမျက်နှာများ၏ မိတ္တူတစ်စုံ)
  • နိုင်ငံသားစိစစ်ရေးကဒ်ပြား
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • အလုပ်ရှင်ထောက်ခံစာမူရင်းနှင့် အလုပ်စာချုပ်မိတ္တူ
  • အလုပ်သမားကဒ်မူရင်းနှင့်မိတ္တူ
  • အခကြေးငွေ အမေရိကန်ဒေါ်လာ ၃၅/- ပေးဆောင်ရပါမည်။

လျှောက်လွှာပုံစံ download ရယူရန်

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh