မြန်မာနိုင်ငံသားများမှ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း

သက်တမ်း (၁)နှစ်အောက်ကျန်ရှိသည့် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် ကမ္ဘောဒီးယားနိုင်ငံတွင် တရားဝင်ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာ သံရုံး၊ ဖနောင်ပင်မြို့သို့ လူကိုယ်တိုင်လာရောက်၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်ထား နိုင်ပါသည်။ လျှောက်ထားရာတွင် ပြည့်စုံစွာဖြည့်စွက်ထားသော လျှောက်လွှာနှင့်အတူ အောက်ပါ စာရွက်စာတမ်းများပူးတွဲတင်ပြရပါမည်-

  • ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးမှတ်တမ်း
  • နောက်ခံအဖြူဓါတ်ပုံ(၃)ပုံ(၄စင်တီမီတာx၆ စင်တီမီတာ)
  • နိုင်ငံကူးလက်မှတ်မူရင်း(နိုင်ငံကူးလက်မှတ်စာအုပ်ပါ ဗီဇာစာမျက်နှာများ၏ မိတ္တူတစ်စုံ)
  • နိုင်ငံသားစိစစ်ရေးကဒ်ပြား
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • အလုပ်ရှင်ထောက်ခံစာမူရင်းနှင့် အလုပ်စာချုပ်မိတ္တူ
  • အလုပ်သမားကဒ်မူရင်းနှင့် မိတ္တူ
  • မှီခိုသူဖြစ်ပါကမှီခိုသူဖြစ်ကြောင်းထောက်ခံစာ
  • ကိုယ်ရေးမှတ်တမ်း
  • အခကြေးငွေ အမေရိကန်ဒေါ်လာ ၃၅/- ပေးဆောင်ရပါမည်။

လျှောက်လွှာပုံစံ Download ရယူရန်

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh