မြန်မာနိုင်ငံသား မိဘနှစ်ဦးမှ မွေးဖွားလာသည့် ကလေးများအတွက် နိုင်ငံကူးလက်မှတ် အသစ်လျှောက် ထားခြင်း

မြန်မာနိုင်ငံသား မိဘနှစ်ဦး မှမွေးဖွားသည့် ကလေးများအတွက် နိုင်ငံကူးလက်မှတ် အသစ်လျှောက် ထားမှုကိုမိဘများအနေဖြင့် မြန်မာသံရုံးသို့ လူကိုယ်တိုင် လာရောက်တင်ပြလျှောက်ရမည်ဖြစ် ပါသည်။ ယင်းလျှောက်ထားမှုကိုမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ခွင့်ပြုချက် တင်ပြ တောင်းခံရန်ရှိပြီးခွင့်ပြုချက်ရရှိပါကနိုင်ငံကူးလက်မှတ်ထုတ်ပေးနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းများကို တင်ပြရပါမည်-

  • ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးရာဇဝင် (မိဘနှစ်ဦးနှင့် ကလေး)
  • မွေးစာရင်းမူရင်းနှင့် မိတ္တူ
  • ကလေးမိဘများ၏ လက်ထပ်စာချုပ်မူရင်းနှင့် မိတ္တူ
  • ကလေးမိဘများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • မိဘများ၏ နိုင်ငံကူးလက်မှတ် မိတ္တူနှင့် သက်တမ်းရှိဗီဇာစာမျက်နှာမိတ္တူ
  • ကလေးအား မြန်မာနိုင်ငံသားအဖြစ်ဖြင့် မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ရန် လျှောက် ထားခြင်းဖြစ်ကြောင်း မိဘနှစ်ဦးမှ ဝန်ခံကတိပြုစာ
  • မိဘနှစ်ဦးနှင့် ကလေးတို့၏ နောက်ခံအဖြူဓာတ်ပုံ (၃) ပုံ (၄စင်တီမီတာx၆ စင်တီမီတာ)
  • နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးခ ကျသင့်ငွေ အမေရိကန်ဒေါ်လာ ၃၅/-

လျှောက်လွှာပုံစံ download ရယူရန်

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh