ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ (၅၉) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေး ကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်(၂၈-၁၁-၂၀၂၄ ရက်၊ ဖနောင်ပင်)
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်သည့် (၅၉) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Neth Pheaktra က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာဆီယံနိုင်ငံများရှိ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ဖနောင်ပင်မြို့အခြေစိုက် ပြည်ပသံရုံး၊ အဖွဲ့ရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
(၅၉) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပ လျက်ရှိပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်းပါဝင် တက်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။
*******************************
Myanmar Ambassador to Cambodia attends the opening ceremony of the 59th Meeting of the ASEAN Committee of Culture and Information (ASEAN-COCI) (28-11-2024, Phnom Penh)
U Kyaw Soe Min, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to Cambodia participated in the opening ceremony of the 59th Meeting of the ASEAN Committee of Culture and Information (ASEAN-COCI) held today in Phnom Penh, Cambodia.
The event was inaugurated by H.E. Neth Pheaktra, Minister for Information of the Kingdom of Cambodia, who delivered the opening remarks. The ceremony was attended by senior officials from the relevant ministries of ASEAN member states, as well as Ambassadors and diplomats from foreign missions based in Phnom Penh.
The 59th Meeting of the ASEAN-COCI is hosted by the Ministry of Information of Cambodia and is being held from 26 to 30 November 2024 in Phnom Penh, Cambodia. And, a delegation led by Director-General of Department of Historical Research and National Library of Ministry of Religious Affairs and Culture of Myanmar is attending the event.