ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း သည် (၁၆)ကြိမ်မြောက် ကမ္ဘောဒီးယား သွင်းကုန်-ပို့ကုန် ကုန်စည်ပြပွဲ (16th Cambodian and Import-Export Goods Exhibition- CIEGE) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း (၁၅-၁၂-၂၀၂၃ ရက်)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း သည် ကမ္ဘောဒီးယား နိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Koh Pich Convention and Exhibition Center ပြခန်းမ၌ ကျင်းပပြုလုပ် သည့် (၁၆)ကြိမ်မြောက် ကမ္ဘောဒီးယား သွင်းကုန်-ပို့ကုန် ကုန်စည်ပြပွဲ (16th Cambodian and Import-Export Goods Exhibition- CIEGE) ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါကုန်စည်ပြပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ခေတ္တ ဝန်ကြီး H.E. KEM Sithan က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၇)နိုင်ငံမှ ကုမ္ပဏီပေါင်း(၁၃၆)ခုတို့က ပြခန်းပေါင်း(၂၃၂)ခု ခင်းကျင်းပြသလျက်ရှိပါသည်။
CIEGE ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ အောင်နေလင်းထွန်း (ကမ္ဘောဒီးယား) ကုမ္ပဏီ လီမိတက်က Genius အမှတ်တံဆိပ် မြန်မာကော်ဖီ ကိုလည်းကောင်း၊ ရွှေဘိုပေါ်ဆန်းအသင်း ဗဟိုက မြန်မာနိုင်ငံ၏ GI ထွက်ကုန်ဖြစ်သည့် ရွှေဘိုပေါ်ဆန်း ဆန်ကိုလည်းကောင်း ပြခန်းများ ဖွင့်လှစ်၍ ခင်းကျင်းပြသ ရောင်းချလျက်ရှိကြောင်း သိရှိပါသည်။

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh