ကမ္ဘောဒီးယားနိုင်ငံ၊ ခေတ္တနိုင်ငံအကြီးအကဲနှင့် အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင် အား မြန်မာသံအမတ်ကြီးမှ သွားရောက်ဂါရဝပြုတွေ့ဆုံ

(၈-၄-၂၀၂၄ ရက်၊ ဖနောင်ပင်)
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ၈-၄-၂၀၂၄ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ခေတ္တ နိုင်ငံအကြီးအကဲနှင့် အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင် အား ဖနောင်ပင်မြို့ရှိ အထက်လွှတ်တော်၊ ဧည့်ခန်းမဆောင်၌ သွားရောက် ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
ယင်းသို့ တွေ့ဆုံရာတွင် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေ အနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ် ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ နယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ပါသည်။
ဆမ်ဒက် ဟွန်ဆင်က ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူ ထမ်းဆောင်ပြီးနောက် ပထမဆုံးလက်ခံတွေ့ဆုံသည့် သံအမတ်ကြီး ဖြစ်သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား တူညီသည့် ရိုးရာဓလေ့ထုံးတမ်းများ အပေါ် အခြေခံ၍ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ ၂၀၂၅ ခုနှစ်တွင် ကျရောက်မည့် နှစ်(၇၀)မြောက် သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်နိုင်ရေးနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh