ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်သည့် (၅၆)နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားများသို့တက်ရောက်ခဲ့ခြင်း

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်သည့် (၅၆)နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း ပါဝင်တက်ရောက်
(၈-၈-၂၀၂၃ ရက်၊ ဖနောင်ပင်မြို့)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၈-၈-၂၀၂၃ ရက်တွင် ကျရောက်သည့် (၅၆)နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အဖြစ် ၇-၈-၂၀၂၃ ရက် (တနင်္လာနေ့)၊ ညနေပိုင်းတွင် ဖနောင်ပင်မြို့ရှိ Royal University of Fine Arts ၌ ကျင်းပပြုလုပ် သည့် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mrs. Phoeurng Sackona တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပြီး အစိုးရအဆင့်မြင့် အရာရှိကြီးများ၊ ဖနောင်ပင်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန် များပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အာဆီယံနိုင်ငံများ၏ ရိုးရာဝတ်စုံများ ဓါတ်ပုံပြပွဲကို ခင်းကျင်းပြသခဲ့ပြီး အနုပညာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများက ယဉ်ကျေးမှု အက ပဒေသာများဖြင့် ဖျော်ဖြေတင် ဆက်ခဲ့ကြပါ သည်။
အလားတူ သံအမတ်ကြီးသည် ၈-၈-၂၀၂၃ ရက်(အင်္ဂါနေ့)၊ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံ ခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည့် (၅၆)နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် အာဆီယံအလံလွှင့်တင်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ဝန်ကြီး H.E. Mr. Prak Sokhonn က အာဆီယံနေ့ အထိမ်းအမှတ် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။ အာဆီယံအလံ လွှင့်တင်ပွဲအခမ်းအနားသို့ ကမ္ဘောဒီးယား နိုင်ငံ၊ အစိုးရအဆင့်မြင့်အရာရှိကြီးများ၊ ဖနောင်ပင်မြို့ အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေး ဖက်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh