ထောက်ခံပေးခြင်း
(၁) ကိုယ်စားလှယ်လွှဲအပ်ခြင်းဆိုင်ရာကိစ္စများထောက်ခံပေးခြင်း
လိုအပ်ချက်များ
(က) သံရုံးသို့ ထောက်ခံပေးပါရန် မေတ္တာရပ်ခံစာ (သံအမတ်ကြီးအားလိပ်မူ၍ ရေးသားရန်)
(ခ) တံဆိပ်ခေါင်းကပ်ထားသော ထောက်ခံချက်ရယူလိုသည့်စာရွက်စာတမ်း
(ဂ) သက်သေအဖြစ်လက်မှတ်ရေးထိုးမည့်သူနှစ်ဦး
(ဃ) သက်သေအဖြစ်လက်မှတ်ရေးထိုးမည့်သူများ၏ အချက်အလက်များ (နိုင်ငံကူးလက်မှတ်၊နိုင်ငံသားမှတ်ပုံတင်၊ လိပ်စာ၊ ဖုန်းနံပါတ်)
(င) ကိုယ်စားလှယ်လွှဲအပ်မည့်သူ ကိုယ်တိုင်သံရုံးသို့လာရောက်ရန် (နိုင်ငံကူးလက်မှတ်ယူ ဆောင်လာရန်)
(စ) ကိုယ်စားလှယ်လွှဲအပ်သည့် General Power/Special Power နှင့် နိုင်ငံကူးလက်မှတ် မိတ္တူများ
(၂) ဘွဲ့၊ ဒီဂရီ၊ ဒီပလိုမာ အောင်လက်မှတ်များထောက်ခံပေးခြင်း
လိုအပ်ချက်များ
(က) သံရုံးသို့ ထောက်ခံပေးပါရန် မေတ္တာရပ်ခံစာ (သံအမတ်ကြီးအားလိပ်မူ၍ ရေးသားရန်)
(ခ) ဘွဲ့၊ ဒီဂရီ၊ ဒီပလိုမာ အောင်လက်မှတ်မူရင်း
(ဂ) သက်ဆိုင်ရာ တက္ကသိုလ်/ကောလိပ်/ကျောင်းတို့၏ ထောက်ခံစာမူရင်း
(ဃ) နိုင်ငံကူးလက်မှတ် ဓါတ်ပုံပါစာမျက်နှာနှင့် သက်တမ်းရှိဗီဇာစာမျက်နှာ မိတ္တူ
(၃) မှီခိုနေထိုင်ကြောင်းနှင့် အလုပ်မလုပ်ကြောင်းထောက်ခံပေးခြင်း
လိုအပ်ချက်များ
(က) လျှောက်လွှာ ( မှီခို/အလုပ်မလုပ်ကြောင်းလျှောက်လွှာ )
(ခ) အိမ်ထောင်စုစာရင်း/မွေးစာရင်း/လက်ထပ်စာချုပ်မိတ္တူ(သို့မဟုတ်) မိမိမှီခိုသူ၏ နိုင်ငံကူး လက်မှတ်မိတ္တူနှင့် ဝင်ငွေခွန်ပြေစာမူရင်းနှင့်မိတ္တူ (မှီခိုသူဖြစ်လျှင်)
(ဂ) နိုင်ငံခြားသားမှီခိုနေသော မြန်မာနိုင်ငံသူများသည် လေယာဥ်အပြန်စရိတ်ပေးသွင်းထား ကြောင်း သံရုံး၏ ထောက်ခံစာမိတ္တူ
(ဃ) နိုင်ငံကူးလက်မှတ် ဓါတ်ပုံပါစာမျက်နှာနှင့် သက်တမ်းရှိဗီဇာစာမျက်နှာ မိတ္တူ
(မှတ်ချက်။ မွေးစာရင်း၊ လက်ထပ်စာချုပ်၊ ဘွဲ့၊ ဒီဂရီ၊ ဒီပလိုမာ စသည့်စာရွက်စာတမ်းများ ထောက်ခံ ချက်ရယူလိုပါက ယင်းစာရွက်စာတမ်းများအား ဦးစွာ မြန်မာနိုင်ငံရှိ နိုတြီရှေ့နေများမှ ဘာသာပြန်ဆို ထောက်ခံပေးပြီးနောက်၊ ယင်းနိုတြီထောက်ခံချက်ကို မြန်မာနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထောက်ခံပြီး မှသာ သံရုံးမှ ထပ်ဆင့်ထောက်ခံပေးနိုင်ပါသည်။)
စက်ဖြင့်ဖတ်ရှုနိုင်သော မြန်မာနိုင်ငံကူးလက်မှတ် (MRP) ထုတ်ပေးရာတွင် အသုံးပြုမည့် ဓါတ်ပုံ၏ လိုအပ်ချက်များ
၁။ (၆) လအတွင်းရိုက်ကူးထားသော ဓါတ်ပုံဖြစ်ရမည်၊
၂။ မျက်နှာ၏ ဧရိယာသည် ဓါတ်ပုံ၏ (၈၀) ရာခိုင်နှုန်းဖြစ်ရမည်၊
၃။ နောက်ခံအရောင် အဖြူရောင်ဖြစ်ရမည်၊
၄။ ဓါတ်ပုံပေါ်ရှိ မျက်နှာ၏ အရောင်သည် နဂိုမူလ အသားရောင်ဖြစ်ရမည်၊
၅။ ထင်ရှားပြတ်သားမှုရှိသော ပုံရိပ်ဖြစ်ရမည်၊
၆။ မျက်လုံးအနေအထားမှာ-
(က) မျက်လုံးနှစ်ဘက်မှာ တစ်တန်းတည်းဖြစ်ရမည်၊
(ခ) မျက်လုံးပေါ်၌ ဆံပင်များ ဖုံးအုပ်ခြင်းမရှိစေရ၊
(ဂ) မျက်နှာသည် နောက်ခံအဖြူရောင်၏ အလယ်တည့်တည့်တွင် ရှိရမည်
(ဃ) မျက်လုံးပေါ်တွင် အနီစက်/ အဖြူစက် အလင်းပြန်ခြင်းမရှိစေရ၊ (Red Eye)
၇။ မျက်နှာအနေအထားသည် တည်ကြည်သော အနေအထားဖြစ်ရမည်၊
၈။ နှုတ်ခမ်းအနေအထားသည် ဖွင့်ဟနေသော အနေအထားမဖြစ်စေရ၊
၉။ ဓါတ်ပုံပေါ်တွင် အလင်းပြန်ခြင်းမရှိစေရ၊
၁၀။ ဓါတ်ပုံပေါ်တွင် အရိပ်မထင်စေရ၊
၁၁။ မျက်မှန်တပ်သည့်သူများ – အရောင်ပြောင်းမျက်မှန် (tinted lenses)၊ မျက်မှန်ပေါ်တွင် အလင်းမပြန်စေရ၊ မျက်မှန်ဘောင်မထူရ၊ မျက်မှန်ဘောင် (frames) သည် မျက်လုံးကို မကွယ်ရ၊
၁၂။ ဦးထုပ်ဆောင်း၍ မရိုက်ရ၊
၁၃။ အစ္စလာမ်ဘာသာ၀င်အမျိုးသမီးများ ခေါင်းအုပ်ပုဝါသည် မျက်နှာပေါ်တွင် အုပ်မိုးခြင်း မရှိစေရ၊ အရိပ်မကျစေရ၊
၁၄။ ဓါတ်ပုံအရွယ်အစားမှာ ( ၃၅ မီလီမီတာ နှင့် ၄၅ မီလီမီတာ) ရှိရမည်၊
၁၅။ ဓါတ်ပုံ Resolution မှာ 300 ppi ဖြစ်ရမည်၊
၁၆။ ဓါတ်ပုံအား စီဒီခွေ (soft copy) ဖြင့် ပေးရပါမည်။