ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ (၃၀-၆-၂၀၂၂)

(၃၀-၆-၂၀၂၂ ၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာပရပ်ဆုတ်ခွန်းအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၊ (၁၇:၂၀) နာရီအချိန်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးနှင့် အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထား မှုအကူအညီပေးခြင်းဆိုင်ရာ ပထမအဆင့်လုပ်ငန်းစဉ် အကောင်အထည်ဖော် ပြီးမြောက်မှု ဖြစ်ပေါ်တိုးတက်မှုများ၊ ဒုတိယအဆင့် အကောင်အထည်ဖော်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စီမံခန့်ခွဲမှုမူဘောင် အကောင်အထည်ဖော်ခြင်းကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် အမှန်တကယ် လိုအပ်နေသူများအား ခွဲခြားမှု မရှိဘဲ မျှတစွာ ပေးအပ်သွားနိုင်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်၊ AHA Centre နှင့် လက်ရှိ အာဆီယံဥက္ကဋ္ဌတို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းအတည်ပြုခဲ့ပါသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh