မိုခါ” ဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူများအတွက် ကမ္ဘောဒီးယားနိုင်ငံအစိုးရက လူသားချင်း စာနာထောက်ထားမှုအကူအညီအဖြစ် အမေရိကန် ဒေါ်လာ (၃) သိန်း လှူဒါန်း (၂-၆-၂၀၂၃ ရက်၊ ဖနောင်ပင်)

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh
မြန်မာနိုင်ငံရှိ “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူများအတွက် ကမ္ဘောဒီးယားနိုင်ငံအစိုးရက လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၃) သိန်း လွှဲပြောင်းပေးအပ်မှု အထိမ်းအမှတ် အခမ်းအနားကို ၂-၆-၂၀၂၃ ရက်၊ ဒေသစံတော်ချိန် (၀၈၃၀) နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး၊ ဒုတိယဝန်ကြီး H.E. Dr. Nhem Khemara က မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း ထံသို့ လှူဒါန်းမှုမှတ်တမ်းကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
သံအမတ်ကြီး ဦးသစ်လင်းအုန်း က “မိုခါ”မုန်တိုင်းကြောင့် အသက်အိုးအိမ်စည်းစိမ်များ ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ကြရသည့် မြန်မာပြည်သူများအတွက် ကမ္ဘောဒီးယားနိုင်ငံမှ ပေးအပ်ခဲ့သည့် အကူအညီများသည် နိုင်ငံတော်အစိုးရက စနစ်တကျ စီမံဆောင်ရွက်လျက်ရှိသည့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် များစွာအထောက်အပံ့ဖြစ်စေနိုင်ပါကြောင်းနှင့် ယင်းသို့လှူဒါန်းမှု အတွက် နိုင်ငံတော်အစိုးရနှင့် ပြည်သူများကိုယ်စား ကမ္ဘောဒီးယားအစိုးရနှင့် ပြည်သူများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။