မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကျင်းပသည့် ချစ်ကြည်ရေးကြက်တောင်ရိုက်ပြိုင်ပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်

(၁၉-၃-၂၀၂၄ ရက်၊ ဖနောင်ပင်)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ၁၉-၃-၂၀၂၄ ရက်နေ့တွင် Phnom Penh Badminton Club ၌ ၂၀၂၄ ခုနှစ်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကျင်းပသည့် ချစ်ကြည်ရေး ကြက်တောင်ရိုက်ပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပြိုင်ပွဲအခမ်းအနားသို့ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကမ္ဘောဒီးယားလူငယ်အစည်းအရုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် လူငယ်အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Meas Kim Heng နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Wang Wentian တို့က အမှာ စကားအသီးသီး ပြောကြားခဲ့ကြပြီး ကိုယ်စားပြု အားကစားသမားများက ချစ်ကြည်ရင်းနှီးစွာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရှိရပါသည်။

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh