မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူး လက်မှတ်ပျောက်ဆုံး/ ပျက်စီးခြင်း
ကမ္ဘောဒီးယားနိုင်ငံ၌ ရောက်ရှိနေထိုင်စဉ် သာမန်နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ ပျက်စီးသွားသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး၊ ဖနောင်ပင်မြို့သို့ လူကိုယ်တိုင်လာရောက် လျှောက်ထား ရမည်ဖြစ်ပါသည်။ ယင်းလျှောက်ထားမှုကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ခွင့်ပြုချက် တင်ပြတောင်းခံရန်ရှိပြီး ခွင့်ပြုချက်ရရှိပါက နိုင်ငံကူးလက်မှတ်သစ်ထုတ်ပေးနိုင်ရေးကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည့်စုံစွာဖြည့်စွက်ထားသော လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းများကို ပူးတွဲတင်ပြရပါမည်-
- ကိုယ်ရေးလျှောက်လွှာ
- ကိုယ်ရေးမှတ်တမ်း
- နောက်ခံအဖြူဓါတ်ပုံ(၃)ပုံ (၄စင်တီမီတာx၆ စင်တီမီတာ)
- နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီးကြောင်းကာယကံရှင်၏ ကိုယ်ရေးစာ
- နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်းရဲစခန်းထောက်ခံစာမူရင်း (ပျက်စီးမှုအတွက်မလိုပါ)
- နိုင်ငံကူးလက်မှတ်မိတ္တူနှင့် သက်တမ်းရှိဗီဇာစာရွက် မိတ္တူ
- နိုင်ငံသားစိစစ်ရေးကဒ်ပြား
- အိမ်ထောင်စုစာရင်းမိတ္တူ
- ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားကဒ်ပြားမိတ္တူနှင့် အလုပ်ထောက်ခံစာ၊
- မှီခိုဖြစ်ပါကမှီခိုသူဖြစ်ကြောင်းထောက်ခံစာ
- ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁၀၅/-
- နိုင်ငံကူးလက်မှတ်စာအုပ်သစ်အတွက် အမေရိကန်ဒေါ်လာ ၄၀/