မြန်မာနိုင်ငံသား မိဘနှစ်ဦးမှ မွေးဖွားလာသည့် ကလေးများအတွက် နိုင်ငံကူးလက်မှတ် အသစ်လျှောက် ထားခြင်း

မြန်မာနိုင်ငံသား မိဘနှစ်ဦးမှမွေးဖွားသည့် ကလေးများအတွက် နိုင်ငံကူးလက်မှတ် အသစ်လျှောက်ထားမှုကို မိဘ (သို့မဟုတ်) အုပ်ထိန်းသူက ကလေးမွေးဖွားကြောင်း မွေးစာရင်း မိတ္တူနှင့်အတူ မွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မြန်မာသံရုံးသို့ လူကိုယ်တိုင်လာရောက် တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။ ယင်းလျှောက်ထားမှုကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ ခွင့်ပြုချက် တင်ပြတောင်းခံရန်ရှိပြီး ခွင့်ပြုချက်ရရှိပါက နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ လျှောက်ထားရာတွင် အောက်ပါစာရွက် စာတမ်းများကို တင်ပြရပါမည်-

  • ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးရာဇဝင် (မိဘနှစ်ဦးနှင့် ကလေး)
  • မွေးစာရင်းမူရင်းနှင့် မိတ္တူ
  • ကလေးမိဘများ၏ လက်ထပ်စာချုပ်မူရင်းနှင့် မိတ္တူ
  • ကလေးမိဘများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • မိဘများ၏ နိုင်ငံကူးလက်မှတ် မိတ္တူနှင့် သက်တမ်းရှိဗီဇာစာမျက်နှာမိတ္တူ
  • ကလေးအား မြန်မာနိုင်ငံသားအဖြစ်ဖြင့် မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ရန် လျှောက် ထားခြင်းဖြစ်ကြောင်း မိဘနှစ်ဦးမှ ဝန်ခံကတိပြုစာ
  • မိဘနှစ်ဦးနှင့် ကလေးတို့၏ နောက်ခံအဖြူဓာတ်ပုံ (၃) ပုံ (၄စင်တီမီတာx၆ စင်တီမီတာ)
  • နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးခ ကျသင့်ငွေ အမေရိကန်ဒေါ်လာ ၄၀/-

လျှောက်လွှာပုံစံ download ရယူရန်

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh