မြန်မာသံအမတ်ကြီးမှ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးထံ တွေ့ဆုံနှုတ်ဆက်ခြင်း (၂၆-၁၂-၂၀၂၃ ရက်၊ ဖနောင်ပင်)

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံထားရပြီးဖြစ်သည့် သံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ပြီးဆုံး၍ ပြန်လည် မထွက်ခွါမီ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဆုပ်ဂျန်ဒါ ဆိုဖီးအာ အား ၂၆-၁၂-၂၀၂၃ ရက်၊ ၁၅၀၀ နာရီတွင် ၎င်း၏ ရုံးခန်းသို့ သွားရောက်၍ ဂါရဝပြုတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား အစိုးရအဆက်ဆက် ရှိရင်းစွဲ ဆက်ဆံရေးကို တိုးတက် ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်မှုနှင့် လက်ရှိပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ကြပါသည်။ ထို့ပြင် ဒုတိယဝန်ကြီးချုပ်က သံအမတ်ကြီးအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၌ တာဝန် ထမ်းဆောင်ခဲ့စဉ် ကာလတစ်လျှောက် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာရေး အားထုတ်ကြိုးပမ်း ဆောင်ရွက်ပေးခဲ့သည်များအတွက် ချီးကျူးပြောကြားခဲ့ပါသည်။ သံအမတ်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၌ တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း ကမ္ဘောဒီးယားအစိုးရက ပံ့ပိုးဆောင်ရွက် ပေးခဲ့မှုများအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh