သံအမတ်ကြီးက မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံ ပါဠိတော် ကျမ်းစာအုပ်များအား ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြိုရှိ Wat Langka ကျောင်း တိုက် ဆရာတော်ထံလှူဒါန်း (၂၅-၈-၂၀၂၅ ရက်၊ ဖနောင်ပင်)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနှင့် ဇနီး ဒေါ်ဇာနည်ကျော် ဦးဆောင်သည့် မြန်မာသံရုံးဝန်ထမ်းများသည် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တိုက လှူဒါန်းသည့် မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋက သုံးပုံပါဠိတော် ကျမ်းစာအုပ်များအား ၂၅-၈-၂၀၂၅ ရက်၊ နံနက် (၁၁ ၃၀) နာရီတွင် ကမ္ဘောဒီးယား နိုင်ငံ၊ ဖနောင်ပင်မြိုရှိ Wat Langka ကျောင်းတိုက်ဆရာတော်နှင့် သံဃာ့လွှတ်တော် ဒုတိယ နာယကဆရာတော်ကြီး ဆမ်ဒက်ပရယ်ဓမ္မလက္ခိတ ပဏ္ဍိတ ဒေါက်တာ စဝ်ချန်သောထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုနောက် သံအမတ်ကြီးနှင့် ဇနီးတို့သည် သစ်သီးနှင့် လှူဖွယ် ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

******************

Myanmar Ambassador Donated Tipitaka Scriptures in Myanmar and Roman Scripts to Head of Wat Langka (25-8-2025, Phnom Penh)

H.E. U Kyaw Soe Min, Myanmar Ambassador to the Kingdom of Cambodia, and his Spouse, Daw Zarny Kyaw, together with officials from the Myanmar Embassy, donated a full set of Sixth Buddhist Council Edition Tipitaka scriptures in both Myanmar and Roman scripts. The scriptures were originally donated by the Acting President, Chairman of the State Security and Peace Commission, Commander-in-Chief of Defence Service, Senior General Min Aung Hlaing, and his spouse, Daw Kyu Kyu Hla.
The donation ceremony took place at 11:30 AM on 25 August 2025 at Wat Langka Monastery in Phnom Penh, and the scripture were respectfully offered to the Head of Wat Langka and Deputy Chief of Sangha Council, Venerable Samdech Preah Thammalikhet Dr Sao Chanthol.
Then, Ambassador and spouse donated fruits and offerings to the Venerable.

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh