သံအမတ်ကြီး ဦးကျော်စိုးမင်း ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Sok Chenda Sophea အား သွားရောက်တွေ့ဆုံ (၁၈-၇-၂၀၂၄ရက်၊ဖနောင်ပင်)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Sok Chenda Sophea အား ၁၈-၇-၂၀၂၄ ရက်တွင် အဆိုပါဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ – ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ခရီးသွားလာရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး အပါအဝင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် ၂၀၂၅ ခုနှစ်တွင် ပြည့်မြောက်မည့် မြန်မာ-ကမ္ဘောဒီးယား နှစ်(၇၀)ပြည့် သံတမန်ဆက်ဆံရေး ထူထောင်သည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေးအစရှိသည်တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

**********************

U Kyaw Soe Min, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to the Kingdom of Cambodia, paid a courtesy call on His Excellency Mr. Sok Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia (18-7-2024, Phnom Penh)

U Kyaw Soe Min, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to the Kingdom of Cambodia paid a courtesy call on His Excellency Mr. Sok Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia at 3:00 p.m. on 18 July 2024 at the Ministry of Foreign Affairs and International Cooperation in Phnom Penh.
During the call, they cordially exchanged views on matters pertaining to the further consolidation of the existing friendly ties, expansion of cooperation in the areas of mutual interest including tourism, religious and culture and activities to commemorate the 70th Anniversary of the establishment of Myanmar-Cambodia diplomatic relations in 2025.

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh