သံအမတ်ကြီး ဦးကျော်စိုးမင်း ကမ္ဘောဒီးယားနိုင်ငံ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက် ရေး ကော်မရှင်အတွင်းရေးမှူးရုံး အကြီးအကဲနှင့် ဝါရင့်ဝန်ကြီး H.E Chhay Sinarith အား သွားရောက်တွေ့ဆုံ (၂၁-၈-၂၀၂၅ ရက်၊ဖနောင်ပင်)
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ကမ္ဘောဒီးယား နိုင်ငံ၊ အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးကော်မရှင်အတွင်းရေးမှူးရုံး အကြီးအကဲ နှင့်ဝါရင့်ဝန်ကြီး H.E Mr. Chhay Sinarith အား ၂၁-၈-၂၀၂၅ ရက်၊ နံနက် ၈ နာရီအချိန်တွင် အတွင်းရေးမှူး၏ ရုံးခန်း၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ–ကမ္ဘောဒီးယားနှစ်နိုင်ငံ အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ သတင်းအချက်အလက်များ မျှဝေရန်နှင့် လက်ရှိပူးပေါင်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ ပါသည်။
Myanmar Ambassador Pays Courtesy Call on Cambodian Senior Minister
U Kyaw Soe Min, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to the Kingdom of Cambodia, paid a courtesy call on H.E. Mr. Chhay Sinarith, Senior Minister for Special Mission and Chief of the Secretariat of the Commission for Combating Online Scams of the Kingdom of Cambodia, at 8:00 AM on 21 August 2025 at the Secretariat office in Phnom Penh.
During the meeting, both sides cordially exchanged views on strengthening cooperation in combating online scams, sharing information between the two countries, and enhancing ongoing collaboration between Myanmar and Cambodia.

