(၂၀) ကြိမ်မြောက် အာရှသတင်းမီဒီယာ ထိပ်သီးဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက် (၂၂-၇-၂၀၂၅ ရက်၊ ဖနောင်ပင်)
(၂၀) ကြိမ်မြောက် အာရှသတင်းမီဒီယာ ထိပ်သီးဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက် (၂၂-၇-၂၀၂၅ ရက်၊ ဖနောင်ပင်)
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပပြုလုပ်သည့် (၂၀) ကြိမ်မြောက် အာရှမီဒီယာ ထပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Neth Pheaktra က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာရှနိုင်ငံများရှိ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ဖနောင်ပင်မြို့အခြေစိုက် ပြည်ပသံရုံး၊ အဖွဲ့ရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
(၂၀)ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် အာရှ-ပစိဖိတ်ရုပ်သံလွှင့်တင်ခြင်း ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျူတို့က ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှ ၂၄ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
**************
Myanmar Ambassador to Cambodia Attends the Opening Ceremony of the 20th Asia Media Summit (AMS 2025) (22-7-2025, Phnom Penh)
U Kyaw Soe Min, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to Cambodia participated in the opening ceremony of the 20th Asia Media Summit (AMS 2025) held today in Siem Reap, Cambodia.
The event was inaugurated by H.E. Mr. Neth Pheaktra, Minister for Information of the Kingdom of Cambodia, and was attended by high-level officials from the relevant ministries of Asian states, as well as Ambassadors and diplomats from foreign missions based in Phnom Penh.
The 20th Asia Media Summit (AMS 2025) is co-organized by the Ministry of Information of Cambodia and the Asia –Pacific Institute for Broadcasting Development (AIBD), and is being held from 21 to 24 July 2025 in Siem Reap, Cambodia. A delegation led by H.E. U Ye Tint, Deputy Minister for Ministry of Information of Myanmar, is also attending the event.

