ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း အာဆီယံအဆင့်မြင့်အရာရှိကြီး များအစည်းအဝေးနှင့်(၁၃)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအဆင့်မြင့် အရာရှိကြီး များအစည်းအဝေးတို့သို့ပါဝင်တက်ရောက်

၁-၈-၂၀၂၂ ရက်၊ ဖနောင်ပင်မြို့

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၁ ရက်၊ နံနက်(၀၉၀၀)နာရီမှ ညနေ(၁၇၀၀)နာရီအထိ ကမ္ဘော ဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Sokha Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအဆင့်မြင့်အရာ ရှိကြီးများအစည်းအဝေး (ASEAN Senior Officials’ Meeting) သို့ မြန်မာအဆင့်မြင့်အရာရှိကြီး ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၏ အဆင့်မြင့်အရာရှိကြီးဖြစ်သူ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mrs. EAT SOPHEA က သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများ၊ ကိုယ်စား လှယ်များနှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

ထို့ပြင်မြန်မာသံအမတ်ကြီးသည် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့်ဆက် စပ်၍ (၁၄၀၀)နာရီမှ (၁၅၃၀) နာရီအထိကျင်းပခဲ့သည့် (၁၃)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါပူးပေါင်း ဆောင်ရွက်မှုအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(13th Mekong Ganga Cooperation Senior Officials’ Meeting) သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို လာအိုအဆင့်မြင့် အရာရှိကြီး H.E.Mr. Kingphokeo PHOMMAHAXAY နှင့် အိန္ဒိယအဆင့်မြင့်အရာရှိကြီး H.E. Mr. Saurabh Kumar တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး မဲခေါင်နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။