ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးက အာဆီယံနိုင်ငံများ၏ ရိုးရာယဉ်ကျေးမှု၊ အနုပညာများကိုပြခန်းများဖြင့် ပြသကြသည့် ASEAN Village Program တွင် ပါဝင်ဆင်နွဲခဲ့ခြင်း
















ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနှင့် ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ SvayReng ပြည်နယ်လူငယ်အစည်းအရုံးကဦးဆောင်၍ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ စီမံခန့်ခွဲမှုဆိုင်ရာအမျိုးသားတက္ကသိုလ်(National University of Management)၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုနှင့်အနုပညာပြပွဲ (ASEAN Village Program) တွင် ပါဝင်ဆင်နွဲခဲ့ သည်။
ASEAN Village Program ကို ၂၅-၁၁-၂၀၂၂ ရက်၊ မွန်းလွဲ(၁) နာရီမှစတင်ကျင်းပခဲ့ ကြပြီး ၂၆-၁၁-၂၀၂၂ ရက်တွင် တရားဝင်ဖွင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီဌာန၊ ဒုတိယဝန်ကြီး H.E. Mrs. Minh Kosiny နှင့်အတူ ကမ္ဘော ဒီးယား နိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်အများအပြားနှင့် လူငယ်ကျောင်းသား ကျောင်းသူ အမြောက်အများ တက်ရောက်ခဲ့ကြသည်။
ASEAN Village Program တွင် ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် အာဆီယံသံရုံးများသာ မက အာဆီယံနိုင်ငံများမှ ရိုးရာအစားအသောက်နှင့် အသုံးအဆောင်များ၊ အစားအသောက်များ ရောင်းချသည့် ပုဂ္ဂလိကဆိုင်ခန်း များလည်းပါဝင်ပြသခဲ့ကြပြီး ညပိုင်းတွင် ကမ္ဘောဒီးယားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့က ဖျော်ဖြေတင်ဆက်မှု များကိုပြုလုပ်ခဲ့ကြပါသည်။ ဖနောင်ပင်မြို့ရှိ မြန်မာသံရုံးအနေဖြင့် နိုင်ငံအလိုက်ဖွင့်လှစ်သည့် ရိုးရာယဉ်ကျေးမှု ပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချခြင်းအပြင် မြန်မာ့ရိုးရာအစားအသောက်ဖြစ်သည့် အုန်းနို့ခေါက်ဆွဲနှင့် မုန့်ဟင်းခါး၊ မြန်မာတို့၏ရိုးရာလက်ဖက်ပွဲနှင့် မြန်မာ့လက်ဖက်ရည်တို့နှင့်ပါ နေ့အလိုက် မိတ်ဆက်တည်ခင်း ခဲ့သည်။ ထို့ပြင် ၂၆-၁၁-၂၀၂၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာပညာတော်သင်များက ဦးရွှေရိုး-ဒေါ်မိုး အကအပြင် ခမာသီချင်းဖြင့်လည်း ပါဝင်သီဆိုဖျော်ဖြေခဲ့ကြပြီး ၂၇-၁၁-၂၀၂၂ ရက်တွင် ရိုးရာယဉ်ကျေးမှု ဝတ်စုံကို ဝတ်ဆင်ပြသကြသည့် Fashion Show တွင်လည်း ပါဝင် ဆင်နွဲခဲ့သည်။
*****