ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားမဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) ဖြန့်ဝေခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁)ကို ၂၈-၁၂-၂၀၂၅ ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၁-၈-၂၀၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာ ချက်အမှတ် (၆၂/၂၀၂၅)အရ ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပုံစံ (၁၅) ကို ဖြန့်ဝေအပ်ပါသည်။
သိုဖြစ်ပါ၍ ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅)များကို မြန်မာသံရုံး၊ ဖနောင်ပင်မြို့၏ အီးမေးလ်လိပ်စာ [email protected] သို့ ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ ရက်အထိ ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။
ပုံစံ(၁၅) ကို https://www.uec.gov.mm/PDF/Form(15).pdf တွင်လည်း download ရယူ နိုင်ပါသည်။
