Agga Maha Upasika Buddhasasanupatham SOK IM အား “မဟာသဒ္ဓမ္မ ဇောတိကဓဇ” ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကျင်းပ

၂၅-၄-၂၀၂၂၊ ဖနောင်ပင်

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် “မဟာသဒ္ဓမ္မ ဇောတိကဓဇ” ဘွဲ့တံဆိပ်ရရှိသူ ကမ္ဘောဒီးယားနိုင်ငံမှ လူပုဂ္ဂိုလ် Agga Maha Upasika Buddhasasanupatham SOK IM အား ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကို ၂၅-၄-၂၀၂၂ ရက် (တနင်္လာနေ့)၊ ၁၄၃၀ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင် မြို့ရှိ Wat Munisuvan (Wat Cham Puh Ka-Ek) ကျောင်းတိုက်၌ ကျင်းပခဲ့ပါသည်။

အဆိုပါ ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ၊ သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဆမ်ဒက် ပရယ် ဗောဓိဝံသ ကိတ္တိ ပဏ္ဍိတ Am Limheng ကြီးမှူးသည့် သံဃာတော်များ ကြွရောက်ချီးမြှင့်ခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံ၊ သာသနာရေးဝန်ကြီး H.E. CHHIT Sokhon နှင့် အစိုးရအရာရှိကြီးများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ အပါအဝင် စုစုပေါင်း ဧည့်သည်တော် (၂၅၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား အစီအစဉ်များအရ ကမ္ဘောဒီးယားနိုင်ငံ၊ သာသနာရေးဝန်ကြီး H.E. CHHIT Sokhon က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ယင်းနောက်တွင် မြန်မာသံအမတ်ကြီးက Agga Maha Upasika Buddhasasanupatham SOK IM အား “မဟာသဒ္ဓမ္မ ဇောတိကဓဇ” ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားပြီး ဘွဲ့တံဆိပ်နှင့်အဆောင်အယောင် တို့ကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ Agga Maha Upasika Buddhasasanupatham SOK IM က ကြွရောက်လာကြသည့် သံဃာတော်များကို လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

ထို့နောက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ သံဃမဟာနာယကအဖွဲ့ကိုယ်စား ဆရာတော် Cherng Bunchhea က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။