ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးက မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု (၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် Mekong-Lancang Cooperation (MLC) Week 2023 အခမ်းနားတွင် ပါဝင်ဆင်နွဲခဲ့ခြင်း














အခမ်းအနားအစီအစဉ်အရ ကမ္ဘောဒီးယားကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး ကမ္ဘောဒီးယားအမျိုးသားအတွင်းရေးမှူးချုပ်ရုံး(NSC-MLC)ဒုတိယဥက္ကဋ္ဌ H.E. Mr. Sok Soken က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်စတင်ခဲ့ချိန်မှ (၇)နှစ်တာကာလအတွင်း ရရှိခဲ့သည့် အောင်မြင်မှုများနှင့် အနာဂတ်မျှော်မှန်း ချက်များနှင့်ပတ်သက်၍ ကမ္ဘောဒီးယားအစိုးရ၏ ဝါရင့်အကြံပေး၊ NSC-MLC ဥက္ကဋ္ဌH.E. Bundit Sapheacha Dr. Sok Siphana က ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့တက် ရောက်လာသည့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ NSC-MLC ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ တို့က ပြန်လည်ဖြေကြားခဲ့ပါသည်။ ယင်းနောက် အခမ်းအနား သို့တက်ရောက်လာကြသူများအား မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီးနောက် မဲခေါင်-လန်ချန်း ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်
မြန်မာသံရုံး၊ ဖနောင်ပင်မြို့။