Information

VISA

Travel
To Myanmar

Consular Service

Travel
To Cambodia

Covid-19

Doing Business
In Myanmar

Announcement

ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားမဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) ဖြန့်ဝေခြင်း

ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားမဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) ဖြန့်ဝေခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁)ကို ၂၈-၁၂-၂၀၂၅ ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၁-၈-၂၀၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာ ချက်အမှတ် (၆၂/၂၀၂၅)အရ ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပုံစံ (၁၅) ကို ဖြန့်ဝေအပ်ပါသည်။
သိုဖြစ်ပါ၍ ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅)များကို မြန်မာသံရုံး၊ ဖနောင်ပင်မြို့၏ အီးမေးလ်လိပ်စာ [email protected] သို့ ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ ရက်အထိ ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။
ပုံစံ(၁၅) ကို https://www.uec.gov.mm/PDF/Form(15).pdf တွင်လည်း download ရယူ နိုင်ပါသည်။

Latest News

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ (၅၉) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေး ကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်(၂၈-၁၁-၂၀၂၄ ရက်၊ ဖနောင်ပင်)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်သည့် (၅၉) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့...

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးမင်းက ကမ္ဘောဒီးယားနိုင်ငံသား မစ္စတာ သောမဝဏ္ဏအား သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ခဲ့ခြင်း

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးမင်းက ကမ္ဘောဒီးယားနိုင်ငံသား မစ္စတာ သောမဝဏ္ဏအား သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်နှင့် အဆောင်အယောင်များ ပေးအပ်ခဲ့ခြင်း

(၁-၉-၂၀၂၄၊ ဖနောင်ပင်)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  ကမ္ဘော ဒီးယားနိုင်ငံမှ Buddhist Sakyaputta International Institute တည်ထောင်သူနှင့် ဒုတိယ အကြီးအကဲဖြစ်သူ Mr. Som Vannak (သောမဝဏ္ဏ)အား ချီးမြှင့်သည့် ၂၀၂၄ ခုနှစ်အတွက်...

သံအမတ်ကြီး ဦးကျော်စိုးမင်း ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Sok Chenda Sophea အား သွားရောက်တွေ့ဆုံ (၁၈-၇-၂၀၂၄ရက်၊ဖနောင်ပင်)

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Sok Chenda Sophea အား ၁၈-၇-၂၀၂၄ ရက်တွင် အဆိုပါဝန်ကြီးဌာန၌...