Press Release for Myanmar-EU (Myanmar)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထား သော စီးပွားရေးဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်အားလုံးအား ရုပ်သိမ်းလိုက်သည့် ဥရောပသမဂ္ဂ၏ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။

ဥရောပသမဂ္ဂသည် မြန်မာအစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသော ပြုပြင်ရေး ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို စိတ်အားထက်သန်စွာ ထောက်ခံအားပေးလျက်ရှိပြီး ကနဦးအနေဖြင့် ၂၀၁၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပိတ်ပင်ကန့်သတ်မှု အများစုကို တစ်နှစ် ဆိုင်းငံ့ထားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် ဒီမိုက ရေစီရေး ပြုပြင်ပြောင်းလဲမှုများကို ပြင်းပြစွာ လိုလားလျက် မြန်မာအစိုးရ၏ လွန်ခဲ့သော (၂) နှစ်ကာ လအတွင်း ဆောင်ရွက်ခဲ့သော ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို တက်ကြွစွာ ထောက်ခံလျက်ရှိသည့် ပြည်သူများကို များစွာအကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။

ဥရောပသမဂ္ဂဘက်မှ စီးပွားရေး ပိတ်ပင်ကန့်သတ်မှုများ အားလုံးကို ရုပ်သိမ်းလိုက်ခြင်းသည် မြန်မာ-အီးယူ ဆက်ဆံရေးကို အားပေးရာရောက်သည့်အပြင် ပိုမိုနက်ရှိုင်းကျယ်ပြန့်သော နှစ်ဘက်ပူး ပေါင်း ဆောင်ရွက်ခြင်းကိုပါ အကျိုးပြုမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh