The United Nations reports and discussions on Myanmar should acknowledge Myanmar’s constructive endeavours (11-10-2024)

(11-10-2024, Nay Pyi Taw)

During the 57th Session of the Human Rights Council which was convened recently in Geneva, the unfavourable interactive dialogues on the report of the Independent Investigative Mechanism for Myanmar (IIMM) and on the report of the High Commissioner for Human Rights were held on 9 September and 24 September 2024, respectively, in the absence of the country concerned, Myanmar. In 2024 alone, the Council has organized a total of six discussions targeting Myanmar. These discussions do not contribute to the development of Myanmar while exhausting the time and resources of the United Nations. Since the mandate of the IIMM has stemmed from a politicized country-specific resolution which did not attain a consensus among the members, Myanmar has never acknowledged or accepted the mechanism since its inception. It is observed that the conclusions of the IIMM’s report are drawn from unreliable sources. In addition, the vague modalities of IIMM including unlimited term, absence of supervision, and reliance on funds outside the regular budget make its independence, impartiality, and objectivity questionable. Since the report of the High Commissioner relies on unverified and misleading information, it fosters mistrust between Myanmar and the international community. Regarding the allegations of treatment of prisoners and mental health, the Myanmar National Human Rights Commission has been conducting prison visits since 2021, offering recommendations on prison conditions and treatment of prisoners. Myanmar has also taken steps in addressing mental health issues through the implementation of a Mental Health Policy and Strategic Plan for Mental Health (2021-2024). The plan aims for a comprehensive approach to providing mental healthcare, both in hospitals and within communities. The report also fails to verify allegations and neglects publicly available information provided by the government. The report particularly waters down the violence committed by PDF and various armed groups, while focusing disproportionately on the Tatmadaw’s countermeasures despite following Rules of Engagement and domestic laws. Myanmar urges the United Nations and the international community to refrain from supporting the acts of the terrorist groups, and to cooperate with the government in combating terrorism and preventing terrorist acts. As the government is committed to the implementation of the Five-Point Roadmap, the successful launch of the nationwide population and household census on 1 October 2024 marks a significant step to hold free and fair elections. The government assures all available assistance reach the needy population without any discrimination. All secured areas are granted access to UN agencies and international organizations for provision of humanitarian assistance. The government has been coordinating with the UN agencies in providing relief assistance to disaster-affected areas as well as facilitating the participation of the donors in distribution process. The government has been deepening cooperation with the United Nations, particularly in the area of humanitarian assistance. Last August, Myanmar received the delegation of the United Nations’ Emergency Directors Group (EDG) from New York. Moreover, the government held two meetings with the UN agencies in 2024, on its policies and challenges in cooperation. It is high time the United Nations acknowledged the unwavering efforts towards peace, stability and democratization of Myanmar. Myanmar calls on the United Nations to end these repetitive mechanisms and foster constructive cooperation to address the challenges the country is facing, rather than obstructing its development with redundant and duplicate mechanisms.

သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံစာများနှင့် ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ၏ အပြုသဘောပူးပေါင်းဆောင်ရွက်မှုများကို အသိအမှတ်ပြုဖော်ပြသင့် (၁၁-၁၀-၂၀၂၄ ရက်)

(၁၁-၁၀-၂၀၂၄ ရက်၊ နေပြည်တော်)

ဂျီနီဗာမြို့၌ မကြာသေးမီက ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၇) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ် သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင်လည်းကောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် လည်းကောင်း သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ ပြုလုပ်ခဲ့သည်။ ကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံအပေါ် ဦးတည်သည့် ယန္တရားများ၏ အစီရင်ခံစာအပေါ် ဆွေးနွေးပွဲ စုစုပေါင်း (၆) ကြိမ် ပြုလုပ်ခဲ့ရာ၊ ယင်းတို့သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့မျှအကျိုး မပြုသည့်အပြင် ကုလသမဂ္ဂ၏ အချိန်နှင့် အရင်းအမြစ်များကိုလည်း အလဟဿ ကုန်ခမ်းစေသည်။ အဖွဲ့ဝင်နိုင်ငံများအကြား တူညီဆန္ဒဖြင့် အတည်ပြုချမှတ်ထားခြင်း မရှိသည့်အပြင် နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်လျက် နိုင်ငံရေး သွတ်သွင်းထားသော ဆုံးဖြတ်ချက်အဆိုမှ ဆင်းသက် လာသည့် IIMM ယန္တရားအား စတင်တည်ထောင်ချိန်ကတည်းကပင် မြန်မာနိုင်ငံအနေဖြင့် အသိအမှတ်ပြု လက်ခံခဲ့ခြင်း မရှိပါ။ ကောင်စီအစည်းအဝေးကာလအတွင်း ဆွေးနွေးခဲ့သည့် IIMM ၏ အစီရင်ခံစာသည် ခိုင်မာမှု မရှိသော အရင်းအမြစ်များအပေါ် အခြေခံ၍ ကောက်ချက်ချ ထားသည်ကို တွေ့ရသည်။ ထို့ပြင် အဆိုပါယန္တရားသည် သက်တမ်းအကန့်အသတ် မရှိခြင်း၊ စိစစ်ကြပ်မတ်မှု မရှိခြင်း၊ ကုလသမဂ္ဂမှ ခွဲဝေချထားပေးငွေအပြင် ပြင်ပမှ ရရှိသော ရန်ပုံငွေများအပေါ် မှီခိုခြင်းတို့ ကြောင့် ၎င်း၏ အမှီအခိုကင်းမှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့မှာ မေးခွန်းထုတ်ဖွယ်ဖြစ်သည်။ လူ့အခွင့် အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာတွင် အတည်မပြုနိုင်သော အချက် အလက်များနှင့် အထင်အမြင်လွဲမှားစေသည့် အချက်များအပေါ် အခြေခံသည့် စွပ်စွဲချက်များ ပါဝင်ရာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်းအကြား အထင်အမြင်လွဲမှားမှုကို ဖြစ်ပေါ်စေသည်။ ယင်းအစီရင်ခံစာပါ အကျဉ်းသားများအပေါ် ပြုမူဆက်ဆံမှုနှင့် စိတ်ကျန်းမာရေးဆိုင်ရာ စွပ်စွဲချက် များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၁ ခုနှစ်မှစ၍ အကျဉ်းထောင်များ သို့ သွားရောက်ကာ၊ အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းသားများထား ရှိမှုနှင့်ပတ်သက်၍ စစ်ဆေးအကြံပြုလျက်ရှိ သည်။ မြန်မာနိုင်ငံသည် စိတ်ကျန်းမာရေး ပြဿနာများကို ဖြေရှင်းရန် စိတ်ကျန်းမာရေးမူဝါဒနှင့် စိတ်ကျန်းမာရေးမဟာဗျူဟာစီမံချက် (၂၀၂၁-၂၀၂၄) ကို အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။ အဆိုပါစီမံချက်သည် ဆေးရုံများနှင့် အသိုက်အဝန်းများ အကြား စိတ်ကျန်းမာရေး စောင့်ရှောက်မှု ပေးအပ်ရာတွင် ဘက်စုံလွှမ်းခြုံနိုင်ရန် ရည်ရွယ်သည်။ မဟာမင်းကြီး၏ အစီရင်ခံစာသည် မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်များကို စိစစ်အတည်ပြုခြင်း မရှိသည့်အပြင် အစိုးရက တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များကိုလည်း ချန်လှပ်ထား သည်ကို တွေ့ရသည်။ အထူးသဖြင့် ယင်းအစီရင်ခံစာတွင် PDF များနှင့် လက်နက်ကိုင်အဖွဲ့များ၊ AA ၏ အကြမ်းဖက်မှုများကို လျှော့ပေါ့ဖော်ပြထားပြီး၊ ထိတွေ့မှုဆိုင်ရာစည်းမျဉ်းနှင့် ပြည်တွင်းဥပဒေ များနှင့်အညီ လိုက်နာဆောင်ရွက်သော တပ်မတော်၏ တန်ပြန်တုံ့ပြန်မှုများကိုမူ တစ်ဖက်စောင်းနင်း ဖော်ပြထားသည်။ အကြမ်းဖက်မှုများကို လုပ်ဆောင်နေသော အဖွဲ့အစည်း များ၏ အကြမ်းဖက် လုပ်ရပ်များကို အားပေးခြင်းမပြုရန်နှင့် အစိုးရ၏ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်း အား တိုက်တွန်းသည်။ နိုင်ငံတော်အစိုးရသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော်ရန် ကတိကဝတ်ပြု ထားသည်နှင့်အညီ မြန်မာနိုင်ငံတွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၁-၁၀-၂၀၂၄ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်စွာ စတင်ကောက်ယူလျက်ရှိရာ လွတ်လပ်၍ တရားမျှတသော အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ် လိုအပ်သူများထံသို့ ခွဲခြားမှုမရှိဘဲ ဖြန့်ဝေပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက် လျက်ရှိသည်။ လုံခြုံရေး ဆောင်ရွက်ပေးနိုင်သည့် ဒေသအားလုံးတွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ၏ လူသားချင်းစာနာမှုအကူအညီများကို ခွင့်ပြုပေးလျက်ရှိသည်။ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်သည့်ဒေသများတွင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးရေးအတွက် ကုလသမဂ္ဂအေဂျင်စီများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ အကူအညီပစ္စည်းများ ဖြန့်ဝေရာတွင် အကူအညီပေးသည့်အဖွဲ့အစည်းများ လိုက်ပါနိုင်ရေး အတွက်လည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ အစိုးရသည် ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုမှာ သိသာစွာ တိုးတက်လာသည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအဖွဲ့အစည်းများ၏ အရေးပေါ်ညွှန်ကြားရေးမှူးများအဖွဲ့ (EDG) မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် ကျင့်သုံးလျက်ရှိသည့် မူဝါဒများနှင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် အတွင်း (၂) ကြိမ် ပြုလုပ်ခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးအတွက် မဆုတ်မနစ်ကြိုးပမ်းမှုများကို အသိအမှတ်ပြုချိန်တန်ပြီဖြစ်သည်။ အပ်ကြောင်းထပ်နေသော ပုံစံတူယန္တရားများဖြင့် မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့် အတားဖြစ်စေခြင်းထက် မြန်မာနိုင်ငံရင်ဆိုင် နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ယင်းယန္တရားများကို အဆုံးသတ်ပြီး၊ အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ကုလသမဂ္ဂအား တိုက်တွန်းသည်။

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh