အာဆီယံခရီးသွားဖိုရမ်(၂၀၂၂)တွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်နိုင်ရေး အသိပေးကြေညာခြင်း (Tourism Forum)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး

ဖနောင်ပင်မြို့

အာဆီယံခရီးသွားဖိုရမ်(၂၀၂၂)တွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်နိုင်ရေး အသိပေးကြေညာခြင်

 

၁။ ကမ္ဘောဒီးယားနိုင်ငံ၊ ပရိဆီဟာနုပြည်နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်အထိ အာဆီယံခရီးသွားဖိုရမ်(၂၀၂၂) (ASEAN Tourism Forum – ATF 2022) ကို “ASEAN – A Community of Peace and Shared Future” ခေါင်းစဉ်ဖြင့် ကျင်းပရန်ရှိပါ သည်။ အဆိုပါ အာဆီယံခရီးသွားဖိုရမ်(၂၀၂၂)၌ အရှေ့တောင်အာရှ ခရီးသွားလုပ်ငန်း၏ အကြီးဆုံးစင်္ကြံတစ်ရပ်ဖြစ်သည့် TRAVEX ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် မှ ၂၀ ရက် အထိ ကျင်းပမည်ဖြစ်ကာ ဝယ်ယူသူ(၁၀၀)ကျော်၊ ရောင်းချသူ (၁၀၀)ကျော် နှင့် ပြည်တွင်း နှင့် ပြည်ပမီဒီယာ (၅၀)ခန့်တို့ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂။ သို့ဖြစ်ပါ၍ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် TF 2022 တွင် ပုဂ္ဂလိကကဏ္ဍမှ ခရီးသွားလုပ်ငန်းများအနေဖြင့် ပါဝင်လိုပါက ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွား လုပ်ငန်းဝန်ကြီးဌာန၊ Department of Overseas Tourism Marketing and Promotion ၏ email: [email protected]သို့ ဆက်သွယ်နိုင်ပါကြောင်းနှင့် လိုအပ်သည်များရှိပါ က ဖနောင်ပင်မြို့၊ မြန်မာသံရုံးအနေဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

 

မြန်မာသံရုံး

ဖနောင်ပင်မြို့

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh