U Thit Linn Ohn, Ambassador of the Republic of the Union of Myanmar to the Kingdom of Cambodia delivered remarks at the Workshop on the 20th Anniversary of the Declaration on the Conduct of Parties in the South China Sea

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh

Press Release

U Thit Linn Ohn, Ambassador of the Republic of the Union of Myanmar to the Kingdom of Cambodia delivered remarks at the Workshop on the 20th Anniversary of the Declaration on the Conduct of Parties in the South China Sea

U Thit Linn Ohn, Ambassador of the Republic of the Union of Myanmar to the Kingdom of Cambodia delivered remarks via video conference at the Workshop on the 20th Anniversary of the Declaration on the Conduct of Parties in the South China Sea: Achievements and Future Directions which was held on 20 December 2022 in Siem Reap, Cambodia.
The Workshop was organized by the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia and participated by senior government officials and experts from ASEAN and China.
Ambassador U Thit Linn Ohn highlighted the importance of DOC in maintaining and promoting peace, stability and security in the region.
As the country coordinator for ASEAN-China dialogue relations and for the DOC implementation, Ambassador reiterated Myanmar’s commitment to continue to support the effective implementation of DOC as well as to keep the constructive engagement and momentum of progress towards the eventual adoption of the Code of Conduct in the South China Sea (COC) based on consensus.
U Mang Hau Thang, Deputy Director-General, ASEAN Affairs Department, Ministry of Foreign Affairs of the Republic of the Union of Myanmar and a representative from Myanmar Institute for Strategic and International Studies (MISIS) also participated.

Embassy of Myanmar in Phnom Penh
20 December 2022

သတင်းထုတ်ပြန်ချက်

တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့်ကျင့်ထုံးဆိုင်ရာကြေညာချက် ထုတ်ပြန်ခဲ့ခြင်းနှစ်(၂၀)ပြည့်အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း တက်ရောက်မိန့်ခွန်းပြောကြား

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့်ကျင့်ထုံးဆိုင်ရာကြေညာချက် (DOC) ထုတ်ပြန်ခဲ့ခြင်းနှစ်(၂၀)ပြည့် အထိမ်း အမှတ်အလုပ်ရုံဆွေးနွေးပွဲသို့ video conference မှတစ်ဆင့် တက်ရောက်အမှာစကား ပြောကြား ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ အဆင့်မြင့် အစိုးရကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
သံအမတ်ကြီး ဦးသစ်လင်းအုန်းက ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်း မြှင့်တင်ရာတွင် DOC ၏အရေးပါမှုကို အလေးထားပြောကြားခဲ့ပြီး အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးနှင့် DOC အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် DOC အား ပြည့်ဝစွာအကောင်အထည်ဖော်ရေးနှင့် တူညီဆန္ဒအပေါ်အခြေ ခံ၍ တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့်ကျင့်ထုံး (COC) အား အပြီးသတ်ရေးဆွဲ နိုင်ရေး အပြုသဘောထိတွေ့မှုများနှင့် တိုးတက်မှုအရှိန်ကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမန်ဟောက်ထန်နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ကိုယ်စားလှယ်(၁)ဦးတို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

မြန်မာသံရုံး၊ ဖနောင်ပင်မြို့
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်