ရပ်ရွာတည်ငြိမ်အေးချမ်းမှုရရှိပြီး ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိလာရေး ကြိုးပမ်းနေ

ရန်ကုန် ဇူလိုင် ၉

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖြွံ့ဖိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖြွံ့ဖိုးတိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲသို့ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖြွံ့ဖိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ်ဥပဒေချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂ လက်အောက် ရှိ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံခြား သတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က ရှင်းလင်းပြောကြားရာတွင် လူမျိုးမရွေး၊ ဘာသာမရွေး လူသားအားလုံးအတွက် အသက်နှင့်ပစ္စည်းဥစ္စာ လုံခြုံစိတ်ချမှု ရှိစေရန်နှင့် ရခိုင်ပြည်နယ်အတွင်း လူမှုပြဿနာများ အဆုံးသတ်ရန်အတွက် နိုင်ငံတော်အစိုးရက ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ယခုဒုတိယသမ္မတဦးဆောင်သော ရခိုင်ပြည်နယ် ခရီးစဉ်ကြောင့် လိုက်ပါကြသူ အားလုံးအနေဖြင့် လည်း နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ယခုအချိန်အထိ တိုးတက်လုပ် ဆောင်နေမှုများကို လက်တွေ့ တွေ့မြင်ကြပြီဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖြွံ့ဖိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကောင်အထည် ဖော်နိုင်မှု အခြေအနေများကိုခရီးစဉ်အတွင်း တွေ့မြင်ခဲ့ရပါကြောင်း၊ သို့ရာတွင် လူသားချင်း စာနာထောက်ထား ရေးဆိုင်ရာ လုပ်ငန်းများနှင့်အတူပြန်လည်ထူထောင်ရေးနှင့် ဖြွံ့ဖိုးရေးဆိုင်ရာ အကူအညီတို့တွင်စိန်ခေါ်မှုများ၊ အခက်အခဲ များလည်း ရှိနေပါသေးကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက ရခိုင်ပြည်နယ်အတွင်း လူမှုရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့နှင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင် ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုထိရောက်မှုရှိစေရန်အတွက် ပူးပေါင်း ဆောင်ရွက်ရေး ဗဟိုဌာနကို ၂ဝ၁၃ ခုနှစ် မေ ၄ ရက်တွင် စစ်တွေမြို့၌ ဖွင့်လှစ်ခဲ့ပါကြောင်း၊ အဆိုပါ ဌာနသည် ပြည်နယ်အစိုးရ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့ အစည်း နှစ်ရပ်စလုံးတို့ အကြားတွင် သတင်းအချက်အလက် အမှန်များကို ဖလှယ်နိုင်ရန် များစွာ အထောက် အကူပြုပါကြောင်း၊ အလားတူ ပူးပေါင်းဆောင် ရွက်ရေး ဗဟိုဌာနများကို မြေပုံ၊ ပေါက်တော၊မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူတို့ ကဲ့သို့သော လိုအပ်သည့်နေရာများတွင် တိုးချဲ့ဖွင့်လှစ်သင့်ပါကြောင်း။

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ တွေ့ရှိ အကြံပြုချက်များအပေါ် မိမိတို့ ဗဟိုကော် မတီကများစွာ အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။ လူမှုအဖွဲ့အစည်း နှစ်ရပ်အကြား တင်းမာမှုများကို လျှော့ချရန်အတွက် ယုံကြည်မှုတည်ဆောက်ရေး၊ ပြန်လည်သင့်မြတ်ရေး၊ ရွှေ့ပြောင်းခံရသည့် မိသားစုများ အတွက် ပုံမှန်ဘဝ ပြန်လည်တည်ဆောက်နိုင်ရေး တို့အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အကြံပြုထားသည့်အတိုင်း လွတ်လပ်စွာ ဆောင်ရွက်သွားနိုင်ပါကြောင်း ရှင်းလင်းပြောကြား သည်။

ယင်းနောက် လူမှုစီးပွားဘဝ ဖြွံ့ဖိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥကဋ္ဌ္က ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်က မျိုးစပါးများ ရောက်ရှိဖြန့်ဖြူးမှု၊ မြေသားရေကန်နှင့် လက်တူးတွင်းများ တူးဖော်ပြီးစီးမှု၊ ထွန်စက်ကြီးနှင့် လက်တွန်းထွန်စက်များပေးပို့ဖြန့်ဝေပြီးစီးမှု၊ ထွန်စက်ကြီးနှင့် လက်တွန်းထွန်စက် မောင်းနှင်အသုံး ပြုခြင်း သင်တန်းပို့ချပြီးစီးမှု၊ ထွန်ယက် ပြီးစီးမှု၊ လယ်ယာသုံး စက်ကိရိယာများအတွက် စက်သုံးဆီသုံးစွဲရမှု၊ ဓာတ်မြေသြဇာများ ရောက်ရှိ ဖြန့်ဖြူးပြီးစီးမှု၊ စက်သုံးဆီများ ထုတ်ပေးပြီးစီးမှု၊ လှေ၊ စက်လှေနှင့် ငါးဖမ်း ပိုက်များလိုအပ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှု တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ လယ်ဧက ၉၉၃ဝ အတွက် လိုအပ်သော မျိုးစပါးတင်း ၁၉၈၆ဝအား မေလအတွင်း က ရောက်ရှိစုဆောင်းခဲ့ပြီး ဇူလိုင် ၄ ရက်အထိ ၁၅၄၈၇ တင်း ဖြန့်ဝေပေးပြီး ဖြစ်ကြောင်း၊ ကျန်ရှိသော မျိုးစပါးများကို ဆက်လက်ဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ မြေပုံနှင့် ပေါက်တောမြို့နယ်တို့၌ မြေသားရေကန် ၁၁ ကန်နှင့် လက်တူးတွင်း လေးတွင်းအား တူးဖော်ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ တူးဖော်ခဲ့မှု အတွက် ကုန်ကျငွေကျပ် ၃၄ ဒသမ ၈၂ သန်း ရှိခဲ့ကြောင်း၊ ထို့ပြင် ထွန်စက်ကြီးနှစ်စီး၊ လက်တွန်းထွန်စက် ၂၈၈ စီးနှင့် လယ်ယာသုံး ကိရိယာများ မေလအတွင်းက ရောက်ရှိခဲ့ပြီး ၂၈၂ စီး ဖြန့်ဝေပြီးဖြစ်ကာ စစ်တွေ၌ အရန် ခြောက်စီး ကျန်ရှိကြောင်း၊ အဆိုပါ ပစ္စည်းများ အတွက် ကျသင့်ငွေ ၅ဝ၆ဒသမ ၉၃ သန်းရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ထွန်စက်ကြီးနှင့် လက်တွန်း ထွန်စက်မောင်း သင်တန်း (၁ဝ)ကြိမ်၊ သင်တန်းသား ၃ဝဝ ပို့ချရန် လျာထားရာတွင် ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ ကျေးရွာများတွင် သင်တန်း (၉) ကြိမ် ဖွင့်လှစ်ပို့ချပေးခြဲ့ပီး သင်တန်းတစ်ကြိမ်သာ ပို့ချရန် ကျန်ပါကြောင်း၊ သင်တန်း ပို့ချစဉ် ကုန်ကျသည့် ဒီဇယ်ဆီ ဂါလန်များ အတွက် ငွေကျပ် ၃ ဒသမ ၃၇ သန်း လိုအပ်မည် ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှ လယ်ယာ သုံးစက်ကိရိယာများ မရောက်ရှိမီ စက်မှုလယ်ယာဦးစီးဌာနက ဌာနပိုင် ထွန်စက်ကြီး ၁၇ စီး၊ ပြည်နယ်အစိုးရပိုင် နှစ်စီးတို့ဖြင့် လယ်မြေ ၃၅၂၁ ဧက ကျော်အား ထွန်ယက်ပေးခဲ့ကြောင်း၊ ထွန်ယက်ရန် ကျန်လယ်မြေများအား ထွန်တုံးမပိတ်မီ အချိန်မီ ထွန်ယက်ပေးသွား မည် ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွက် လိုအပ်သော ဓာတ်မြေသြဇာအိတ် ၁၂၈ဝဝ သည် ဇွန်လအတွင်း စစ်တွေမြို့ သို့ရောက်ရှိပြီး မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ ရမ်းဗြ၊ဲ မောင်တော၊ ပေါက်တော၊ ရသေ့တောင်၊ စစ်တွေ မြို့များသို့ စုစုပေါင်း ၈၆၁၄ အိတ် ထုတ်ပေးပြီး ဖြစ်ကြောင်း၊ ကျန်ရှိသော ဓာတ်မြေသြဇာအိတ်များကို လိုအပ်သည့် နေရာများတွင် အသုံးပြုရန် ပြည်နယ်အစိုးရထံ အပ်နှံထား ပါကြောင်း၊ စက်သုံးဆီများ ထုတ်ပေးမှု အနေဖြင့် စစ်တွေ၊ မြောက်ဦး၊ မင်းပြား ၊ ကျောက်တော်၊ မြေပုံ ၊ ပေါက်တော၊ရသေ့တောင်၊ မောင်တော၊ ရမ်းဗြဲမြို့များသို့ စုစုပေါင်း ဒီဇယ်ဆီ ၆၉၅၂ ဂါလန် ထုတ်ပေးပြီး ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း ငါးဖမ်းပိုက်မျိုးစုံ အစုံ ၂ဝဝဝ၊ ကြိုးခွေ ၅ဝဝတို့ကို ဖြန့်ဝေပေးပြီး ဖြစ်ကြောင်း၊ ငါးဖမ်းလှေ၊ ပိုက်ကွန်များ ဝယ်ယူရန် ငွေကျပ် သန်း ၄၃ဝ ကျော် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ် မြို့နယ် ခြောက်မြို့နယ်ရှိ စခန်း ၂၃ ခုတွင် ကျောင်းသားကျောင်းသူ ၇ဝ၃၄ ဦး ပညာသင်ကြားလျက်ရှိကြောင်း၊ အဆိုပါ ကျောင်းသား ကျောင်းသူများ အတွက် ဆရာ ဆရာမ ၂ဝ၉ ဦး လိုအပ်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်း လိုအပ်သည့် ကျောင်း ၃၃ ကျောင်း အနက် ၂၆ ကျောင်းကို UNICEF ကဆောက်လုပ်ပေးမည်ဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနက ခုနစ်ကျောင်း ဆောက်လုပ်မည် ဖြစ်ကြောင်း၊အင်ဒိုနီးရှားနိုင်ငံမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ တစ်သန်းနှင့် လိုအပ်သော ကျေးရွာများတွင် စာသင်ကျောင်းများ တည်ဆောက်ရန် ပြည်နယ်အစိုးရနှင့် အတည်ပြု ဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ မြို့နယ် ၁၁ မြို့နယ်တွင် ယာယီ ကျန်းမာရေးဆေးပေးခန်း ၂၉လုံးကို ဆောက်လုပ်ရန် လျာထားကြောင်း၊ ဒုက္ခသည်စခန်း ၆၉ ခုတွင် ဖုန်းကတ်များ ပေးထားပြီးဖြစ်ကြောင်း၊ အော်တိုတယ်လီဖုန်းလိုင်းများလည်း တိုးချဲ့တပ်ဆင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းနောက် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ဒုက္ခသည်များအား မိုးမကျမီ အမိုးအကာအောက် ရောက်ရှေိ ရးအတွက် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မဟာစင်မုန်တိုင်းကြောင့် အနည်းငယ် နှောင့်နှေး ခဲ့သော်လည်း ၉ဝ ရာခိုင်နှုန်းကို အမိုးအကာအောက် ရောက်ရှိနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဒုက္ခသည်များအတွက် ယခုထက် ပိုမိုကောင်းမွန်သည့် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လူမှုအဖွဲ့အစည်း နှစ်ရပ်အကြား သဟဇာတ ရှိရေးနှင့် ပဋိပက္ခပြဿနာများ ထပ်မံမပေါ်ပေါက်ရေးအတွက် အားလုံးပူးပေါင်း၍ ဂရုတစိုက် ဖြေရှင်းဆောင်ရွက် သွားရမည်ဖြစ် ပါကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်တွင်း၊ ပြည်ပသတင်းဌာနများမှ သတင်းထောက်များ၏ မေးမြန်းချက်များကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူ များက ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

မေး။ ။     မကြာခင်က ရခိုင်ပြည်နယ်မှာရှိတဲ့ အကျဥး်ထောင်ထဲမှာ အကျဉ်းသားတွေ သေဆုံးခဲ့တယ်လို့ သိရိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုကြောင့် သေဆုံးရတယ် ဆိုတာကို သိလိုပါတယ်။ ပြီးတော့ ပြဿနာမဖြစ် ပွားခင်က ဘင်္ဂါင်္လီလူမျိုးစုတွေ ပိုင်ဆိိုင်တဲ့ နေရာတွေကို အခုနောက်ပိုင်းမှာ အခြားသူတွေကို ဝင်ရောက်နေထိုင်ခွင့် ပေးခဲ့တယ်လို့ ကြားသိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့ကို ဘယ်လိုအရေးယူ ဆောင်ရွက်သွား မလဲဆိုတာ သိပါရစေ။

ဖြေ။ စစ်တွေအကျဉ်းထောင်အတွင်းမှာ အကျဉ်းသားတွေ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းဟာ ကောလာဟလသာ ဖြစ်ပါတယ်။ အမှန်တကယ် အကျဉ်းသား သေဆုံးတယ်ဆိုရင် သက်ဆိုင်ရာ ဌာနတွေက ကျွန်တော်တို့ကို တင်ပြမှာ ဖြစ်ပါတယ်။ အခုအချိန်အထိ အကျဉ်းသား သေဆုံးတယ်လို့ တင်ပြလာတာ မရှိတာကြောင့် ဒါဟာ ကောလာဟလသာ ဖြစ်တယ်လို့ ဖြေကြားလိုပါတယ်။နောက်မေးခွန်းနဲ့ ပတ်သက်လို့ ဖြေကြားရရင် ကျွန်တော်တို့နိုင်ငံမှာ ကျင့်သုံးတဲ့ ဥပဒေများအရ အခုလို အရေးအခင်းဖြစ်ပြီး မီးလောင်သွားတဲ့ ဧရိယာတစ်ခုလုံးအတွက် စီမံခန့်ခွဲမှုဟာ အစိုးရ လက်ထမှာပဲ ရှိပါတယ်။ မီးလောင်ခဲ့တဲ့ နေရာအတွင်း ရခိုင်ဖြစ်စေ၊ ဘင်္ဂါလီဖြစ်စေ ဘယ်သူ့ကိုမှ ကျူးကျော်ဝင်ရောက် နေထိုင်ခွင့်မပေး ပါဘူး။ မီးလောင်တဲ့နေရာကို ပြန်လည်နေရာ ချထားဖို့ ဥပဒေပိုင်း၊ နိုင်ငံတော်ရဲ့ ပေါ်လစီပိုင်းတွေကို ကြည့်ပြီး ပဋိပက္ခ မဖြစ်ဖို့ စဉ်းစားပြီးတော့မှ ချမှတ်ရမယ့် မူဝါဒဖြစ်ပါတယ်။ လောလောဆယ် နှစ်ဖက်ဒုက္ခသည်တွေ အမိုးအကာအောက်ကို ရောက်ဖို့အတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ ကြိုးစား ဆောင်ရွက်နေတဲ့ အနေအထားမှာပဲ ရှိသေးပါတယ်။ မီးလောင်ထားတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး ကြိုတင်ဆုံးဖြတ်ထားမှု တစ်စုံတစ်ရာ မရှိသေးပါဘူး။ အစိုးရကမီးလောင်ပြင်ကို လုံခြုံရေးချထားပြီး ကာကွယေ် စာင့်ရှောက်ထားပါတယ်။

မေး။ အသိုင်းအဝိုင်းနှစ်ခုက သီးခြားဖြစ်တည်နေတယ််လို့ သိရှိရပါတယ်။ အသိုင်းအဝိုင်း နှစ်ခုမှာ အပြန်အလှန် မယုုံံကြည်မှု၊ မုန်းတီးမှုများ ရှိနေတာကြောင့် အပြန်အလှန် ယုံကြည်မှု ရရှိအောင် ဘယ်လို တည်ဆောက် သွားမယ် ဆိုတိုတာကို သိလိုပါတယ်။ ပြီးတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်စဉ်တွေကို မြန်မာနိုင်ငံ တစ်နိုင်ငံ တည်းမဟုတ်ပါဘူး အိန္ဒိယ၊ မလေးရှားစတဲ့  နိုင်ငံတွေကို ကူးစက်တဲ့ အနေအထား တွေ့ရပါတယ်။ နိုင်ငံတော်အစိုး ရအနေနဲ့ ဘယ်လိုဆောင်ရွက်နေသလဲ ဆိုတာကို သိလိုပါ တယ်။

ဖြေ။ ။ ရခိုင်ပြည်နယ်မှာ မတူကွဲပြားတဲ့ အသိုင်းအဝိုင်းနှစ်ခုဟာ စိတ်ဒဏ်ရာတွေကို ခံစားနေကြရဆဲ ဖြစ်ပါတယ်။ နာကြည်းမုန်းတီးမှုတွေရဲ့ ခံစားချက်တွေ ယခုထက်တိုင်အောင် လောင်မြိုက်နေဆဲ ဖြစ်တာကြောင့် သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ အချိန်စောင့်ရမှာ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ အသိုင်းအဝိုင်းနှစ်ခု တစ်သီးတစ်ခြား စီ ဖြစ်နေရတဲ့ အကြောင်းတရားကတော့ သူတို့ရဲ့ ပုဂ္ဂလိက လုံခြုံရေးအတွက် သီးခြားစီ နေထိုင်ခြင်းက ပိုကောင်းတယ်ဆိုတဲ့ သူတို့ရဲ့ အမြင်ကြောင့်ပါ။ ပုဂ္ဂလိက လုံခြုံမှုရှိရေးအတွက် လောလောဆယ် သီးခြားစီ ခွဲနေကြတာ ကောင်းမှာပါ။ ဒါကလည်း လောလောဆယ် တွေ့ကြုံရတဲ့ ယာယီပြဿနာတစ်ရပ်ပါ။ ရေရှည်မှာတော့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ကြဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့က အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်က အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ကမ္ဘာ့ဘယ်နိုင်ငံ၊ ဘယ်နေရာမှာမဆို ဘယ်လိုပုံစံမျိုးနဲ့မဆို ကျူးလွန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု မှန်သမျှကို ပြစ်တင်ရှုတ်ချရမှာ ဖြစ်ပါတယ်။ ဘာသာရေးအရ အထွတ်အမြတ်ပြုတဲ့ နေရာမှာသာ မဟုတ်ပါဘူး။ ဘယ်နေရာမျိုးမှာ မဆို အကြမ်းဖက် တိုက်ခိုက်မှု အရပ်ရပ်ကို ပြစ်တင် ရှုတ်ချကြပါတယ်။ မြန်မာနိုင်ငံဟာ ဘာသာရေးနဲ့ လူမျိုးရေးတို့အရ မတူကွဲပြားတဲ့ သူတွေ အတူယှဉ်တွဲနေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာအစိုးရ အဖွဲ့က နိုင်ငံအတွင်း မှီတင်းနေထိုင်သူတွေအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ကြဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။နိုင်ငံအတွင်း လူမျိုးရေးနဲ့ ဘာသာရေးတို့အရ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစား ကြခြင်းဖြင့် တည်ငြိမ်အေးချမ်း မှုတွေ ရရှိလာမှာပါ။

နိုင်ငံအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေ အပေါ် အကြောင်းပြုပြီး အခြားနိုင်ငံတွေကို ပဋိပက္ခတွေ ဆက်လက်ကူးစက်ပျံ့နှံ့မှု မရှိစေဖို့ နိုင်ငံအားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့လိုပါတယ်။ မတူကွဲပြားတဲ့ အသိုက်အဝန်း နှစ်ခုအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာကြဖို့ ရည်ရွယ်ပြီးအစိုးရအဖွဲ့က ကြိုးပမ်းနေပါတယ်။ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ရရှိပြီး ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။

ပဋိပက္ခတွေ ဒေသတစ်ခုမှတစ်ခု၊ နိုင်ငံတစ်နိုင်ငံမှ အခြားတစ်နိုင်ငံသို့ ကူးစက်ပျံ့နှံ့ခြင်း မရှိစေဖို့ ကျွန်တော်တို့နဲ့ ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ အခြေအနေ အထိရောက်အောင် ကြိုးပမ်းနေတာကြောင့် ပဋိပက္ခတွေ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက်ကူးစက်မှု မရှိနိုင်ဘူးလို့ မျှော်လင့်ပါတယ်။

မေး။ ။ ရခိုင်ပြည်နယ်ကိစ္စမှာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အမှုဘယ်နှမှု စစ်ဆေးပြီးပါသ လဲဲ။ ဘယ််လောက် ကျန်သေးသလဲဆိုတာသိချင်ပါတယ်။ ရေရှည်မှာအတူတကွနေထိုင်ဖို့ ဘယ်လိုတိုင်းတာပါမလဲ။

ဖြေ။ ။ စစ်ဆေးပြီးအမှု ၁၉၅ မှုရှိပြီး တရားခံ ၅ဝ၇ ဦး ဖြစ်ပါတယ်။ အမှု ၄၅ မှုက လူ ၆၆၂ ဦးကို စိစစ်ဆဲဖြစ်ပါတယ်။ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လက်ရှိလုံခြုံရေးအင်အားကို သိချင်ပါတယ်။

ဖြေ။ ။ ပြည်နယ်ရဲတပ်ဖွဲ့အင်အား ၂ဝဝဝ၊ လုံထိန်းအင်အား ၃ဝဝဝကျော်၊ နစခ အင်အား ၁၂ဝဝ စုစုပေါင်းအင်အား ၆ဝဝဝ ကျော်၊ တပ်မတော်က လုံလောက်တဲ့အင်အားနဲ့ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh