သာမန်မြန်မာနိုင်ငံ ကူးလက်မှတ် စာအုပ်အသစ် လျှောက်ထားခြင်း

သက်တမ်း(၁)နှစ်အောက်ကျန်ရှိသည့် သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ကမ္ဘောဒီးယား နိုင်ငံတွင် တရားဝင်ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး၊ ဖနောင် ပင်မြို့သို့ လူကိုယ်တိုင်လာရောက်၍ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ လျှောက်ထားရာတွင် ပြည့်စုံစွာဖြည့်စွက်ထားသော လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်း များပူးတွဲတင်ပြရပါမည်-

  • ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးမှတ်တမ်း
  • နောက်ခံအဖြူဓါတ်ပုံ(၃)ပုံ(၄စင်တီမီတာx၆ စင်တီမီတာ)
  • နိုင်ငံကူးလက်မှတ်မူရင်း(နိုင်ငံကူးလက်မှတ်စာအုပ်ပါ ဗီဇာစာမျက်နှာများ၏ မိတ္တူတစ်စုံ)
  • နိုင်ငံသားစိစစ်ရေးကဒ်ပြား
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • အလုပ်ရှင်ထောက်ခံစာမူရင်းနှင့် အလုပ်သမားကဒ်မူရင်းနှင့်မိတ္တူ
  • မှီခိုသူဖြစ်ပါကမှီခိုသူဖြစ်ကြောင်းထောက်ခံစာ
  • ကိုယ်ရေးမှတ်တမ်း
  • အခကြေးငွေ အမေရိကန်ဒေါ်လာ ၂၅/- ပေးဆောင်ရပါမည်။

Connect With Us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

TIME

Yangon
Phnom Penh